အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

Brave Warriors for Myanmar (BWM) က သူတို့ရဲ့ ၃၃ ခု မြောက်မစ်ရှင်အဖြစ် Black Leopard (ကျားသစ်နက်) အဖွဲ့နဲ့အတူ အေလာလတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ ၃ လုံး ပစ်ခတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

နယ်မြေလုံခြုံရေးတင်းကြပ်မှု၊ ရာသီဥတုဆိုးရွားမှုတွေကြားထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့ ရှော့တိုက်ဒုံးတွေအောင်မြင်ခဲ့တာကြောင့် လေတပ်စခန်းအတွင်းက ပစ်မှတ်တွေဆီ ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပြီး သတင်းတိကျသေချာအောင် ထပ်မံအတည်ပြု​နေတယ်လို့ Brave Warriors for Myanmar (BWM) က ဆိုပါတယ်။

” ထိခိုက်မှုအချို့နဲ့သေဆုံးမှုအချို့တော့ရှိတယ်လို့ ကနဦးသတင်းရထားပါတယ်။ ပိုပြီး အတည်ပြုနိုင်အောင်ဆက်စုံစမ်းနေပါတယ်။ ရရင်ထပ်ပြီးကြေညာပေးပါ့မယ်” လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အရပ်သားတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ရာနဲ့ချီပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

အေလာလေဆိပ်မှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး​မှုတွေရှိခဲ့ပေမယ့် စစ်ကောင်စီက အပျက်စီးတွေကြားထဲကပဲ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ရန်သူ့လေတပ်နှိမ်နင်းရေး နှစ်သစ်ကူးလက်ဆောင်အဖြစ် အခုလိုမဟာမိတ်တွေနဲ့အတူ အခုလို တိုက်ခိုက်ခဲ့တာလို့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့ ခက်ခက်ခဲခဲအခြအနေကြားက လုပ်ခဲ့ရတဲ့မစ်ရှင်ဖြစ်ပါတယ်။ ဒီတခါ စကစဘက်က အရံသင့်အနေအထားနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ပစ်ပြီးပြီးချင်း စကစဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ဝိုင်းပစ်ပါတယ်။ ဒါပေမယ့် ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – Brave Warriors for Myanmar ရဲ့ ရှော့တိုက်ဒုံးပစ် မစ်ရှင်များ (ပုံဟောင်းများ)
0 Shares:
You May Also Like
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို ICC ထံပို့ပြီး ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်မှသာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခက ကင်းလွတ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလကိုတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းကို အင်အားအလုံးရင်းသုံး စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် နေပြည်တော် PDF တပ်ရင်းများ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် ဗိုလ်တွေအပါ အယောက် ၄၀နီးပါး သေပြီး ထိခိုက်ဒဏ်ရာရသူအများပြားနှင့်စစ်ကြောင်းလိုက် ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံးရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတွေအပါ အယောက် ၄၀ နီးပါးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း နေပြည်တော်တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်) စစ်ဆင်ရေးတာဝန်ရှိသူ ဗိုလ်ဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းနဲ့အတူ စစ်အာဏာသိမ်းမှုအတွင်း နိုင်ငံသားတွေရဲ့ စွန်လွှတ်အနစ်နာခံမှုကို အမှတ်ရနေမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း ထုတ်ပြန်ပြောဆို

အမေရိကန်၊ ဗြိတိန်နဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူပြည်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအပေါ် အမှတ်ရနေမှာဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလာင်ပျက်စီးခဲ့မှုအတွက် ပြန်လည်ဖြေဆိုရမည်ဟု စစ်ကောင်စီ ကြေညာ

အင်အားပြင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသ ၄ ခုထက်မနည်းမှာ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။