SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B – 101, SSNDF / KNDF B – 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။

ဒါ့အပြင် SSNDF / KNDF ဗျူဟာအမှတ် (၉) ရဲ့ စစ်သင်တန်းဆင်းပွဲကိုလည်း ဧပြီလ (၁၇)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်သင်တန်းဆင်းပွဲ အခမ်းအနားမှာတော့ သင်တန်းဆင်းရဲဘော်တွေနဲ့ စစ်ရေးပြအစီအစဉ်များ၊ အလံတင်ခြင်းနဲ့ သစ္စာအဓိဌာန် ရွတ်ဆိုခြင်း ၊ စစ်ကြောင်းတွေ စစ်ဆေးခြင်း၊ KNDF စစ်ရေးချုပ်အပါအဝင် ဗဟိုကော်မတီနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အမှာစကားပြောခြင်းနဲ့ SSNDF / KNDF ဗျူဟာအမှတ် (၉) ရဲ့ တာဝန်ရှိပုဂ္ဂိလ်တွေ အမှာစကားပြောခြင်း တို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

SSNDF / KNDF ဗျူဟာအမှတ်(၉) ရဲ့ အဆိုပါ စစ်သင်တန်းဟာ ဖေဖော်ဝါရီလ (၁၁) ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းအစပ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုနေတယ်လို့ KNDF ပြော

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အရာတော်နယ်ရှိ သစ်ချိုရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးတပ်သား ၁ ဦးအပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်သား ၁ ယောက်အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ ပါးနှင့် အဘွားဖြစ်သူ သေဆုံး၊ အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။