စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က ငလျင်ကြောပေါ် ရှိနေတဲ့ ရုံးအဆောက်အဦးတွေကို ပြောင်းရွှေ့ပြီး နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန် လည် တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည်တည်ဆောက်ရာမှာလည်း ငလျင်မကြာခဏ လှုပ်ခတ်တတ်တဲ့ နိုင်ငံတွေက အဆောက်အအုံတွေ တည်ဆောက်ထားရှိမှုတွေကို နမူနာယူပြီး တည်ဆောက်သွားဖို့ လိုတယ်လို့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်ဝန်ထမ်းအိမ်ရာတွေကို ပြန်လည် တည်ဆောက်ရာမှာလည်း ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိ ခံနိုင်တဲ့အဆောက်အအုံတွေ ဖြစ်အောင် လုပ်ဆောင်ရွက်ရမယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

၆ လအတွင်း ပြန်လည်တည်ဆောက်မယ့် ဝန်ကြီးဌာနရုံးတချို့ကို ရန်ကုန်မြို့ကို ယာယီပြောင်းရွှေ့ထားပြီး နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားစတဲ့ ဝန်ကြီးဌာနတွေက ရုံးတချို့ ပါဝင်တယ်လို့ Non-CMD ဝန်ထမ်းတွေဆီက သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အာဏာရှင် သန်းရွှေ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အဦးတွေအပါအဝင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦး ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးဖောက်ခွဲမှုအပါ မြို့ပြစစ်ဆင်ရေး လုပ်ဆောင်သူတွေအဖြစ် စွပ်စွဲကာ လူငယ် ၈ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ဖျာပုံလမ်းက စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုမှာ ပါဝင်သူတွေအဖြစ် စွပ်စွဲကာ အမျိုးသမီး ၁ယောက်အပါ လူငယ် ၈ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ် တော်လှန်ပညာရေးအဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာကတစ်ဆင့် ကူညီလှူဒါန်း

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာ ၊ အမှတ် ၁၂၂၂ တပ်ရင်းကတစ်ဆင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့တယ်လို့ TRI ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။