မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေရာ ဧပြီလ ၁၉ ရက် ဒီနေ့အထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ်ရေ ၁၅၀ နီးပါး ရှိလာပြီလို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့အတွက်လည်း NUG ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့ကလည်း မွန်းလွဲပိုင်းအချိန်မှာ မန္တလေးမြို့အနီးကို ဗဟိုပြု ပြင်းအား ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပါသေးတယ်။
ဧပြီ ၁၃ ရက် မနက်ပိုင်းမှာလည်း မန္တလေးဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုရစ်ချ်တာစကေး ၅.၉ ပြင်းအားအဆင့်နဲ့ အင်အား အသင့်အတင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားပါသေးတယ်။
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်း ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။