စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၈ ရက် မွန်းလွဲ ၁၁ နာရီ ၁၈ မိနစ်မှာ ဧရာဝတီမြစ် အထက်ကနေ စုန်ဆင်းလာတဲ့ ဝေလ်မာသကြားသံခွန် သင်္ဘောကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်ပြီး ခေါ်ချိန်မှာ အဆိုပါ သင်္ဘောအနီးကပ်ပါလာတဲ့ မော်တော် ၁ စီးကို ကျည်ထိမှန်ရာက ပြည်သူ တစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် မော်တော်ပေါ်မှာ ပါလာတဲ့ မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာက အသက် (၃၁)နှစ်အရွယ် အမျိုးသား (၁) ယောက် သေဆုံးပြီး အသက် (၂၇)နှစ်အရွယ် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၁၈ ရက် မနေ့က မနက်ပိုင်းမှာလည်း သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်ကောင်စီရဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်က လာတဲ့ ဂျက်ဖိုက်တာင ပေါင် ၃၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၁၃) ယောက် သေဆုံးပြီး ပြည်သူ (၃) ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြင်ဦးလွင်ခရိုင် ပကဖ ကတော့ ပြည်သူတွေ အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေ တူးထားဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘူးဟု စစ်ရှုံးနေသည့် အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) မှ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ စစ်ကိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဆီကို စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က တပ်ဖွဲ့ဝင် ၁၇ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။