ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

အဆိုပါတပ်ဖွဲ့ ၄ ဖွဲ့ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉)မှာ သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် – SSNDF ရဲ့ B – 101 ၊ B – 102 ၊ B – 103နဲ့ Drone အဖွဲ့တွေအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

KNDFရဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (COC) နဲ့ ဆက်လက်တိုက်ပွဲဝင်မယ့် အဆိုပါတော်လှန်ရေးအဖွဲ့တွေအနက် (၁၀၀၈)တပ်ရင်း SSRY နဲ့ (၁၀၀၅)တပ်ရင်း SSPDF တို့ဟာ ဖေဖော်ဝါရီလ (၁)ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနေ တရားဝင်နှုတ်ထွက်ထားပြီး၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစုနဲ့ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားလူငယ်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
Read More

လန်ဆယ်ဒေသတိုက်ပွဲ ယာယီဆုတ်ခွာခဲ့ရသည့်စခန်းကို KIA ပြန်သိမ်းပိုက်၊ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားနေ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ KIA တပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရတဲ့ စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြည်သူများ No Vote လုပ်သောကြောင့် ကြံ့ခိုင်ရေးက အစိုးရဖွဲ့နိုင်ခြင်းဖြစ်ဟု ပြည်သူ့ပါတီဝင်ဟောင်း VV Chen အပြစ်တင်ပြောဆို

ပြည်သူများ NO Vote လုပ်တာကြောင့် ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်ခြင်းဖြစ်ပြီး  နောက်ထပ်ရွေးကောက်ပွဲမှာတော့ မှန်ကန်အောင် ရွေးချယ်ဖို့လိုတယ်လို့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း V V Chen က ပြည်သူကိုအပြစ်တင်ပြောဆိုလိုက်ပါတယ်။
Read More

ချောက်တွင် စစ်အုပ်စုနှင့် PDF ၄ ရက်ဆက် ထိတွေ့မှု့ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။