ယမန်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီက မိတ္ထီလာ ရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ လိပ်ကျရွာလမ်းဆုံကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

” လိပ်ကျတို့ ရေထွက်၊ ကမ်းပါးနီ(ရွာ) တွေကို ဆက်ထားတဲ့ လမ်းဆုံကို တိုက်ပွဲလည်းမရှိပဲ ​ပစ်သွားတာပါ။ လမ်းသွားလမ်းလာတွေရော ဘေးအိမ်တွေပါ ထိ​တာပေါ့နော်” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ်အပိုင် ရေထွက်ရွာလမ်းခွဲအနီးကို ရှမ်းတဲလေဆိပ်တပ်ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ထပ်မံကြဲချခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု မရှိပေမယ့်လည်း လမ်းမီးတိုင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ကာလ အစကစလို့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြန်ပြီးပြုလုပ်လာရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတာဖြစ်ပါတယ်။

စစ်ကောင်စီက ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်နေအချိန်တွေမှာလည်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားရာဒေသတွေကို တိုက်ပွဲရှိရှိ၊ မရှိရှိ အငြိုးနဲ့ တိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။

ဒီအတွက် စစ်ကောင်စီရဲ့လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အိမ်တိုင်းလိုလို ဗုံးခိုကျင်းတွေ တူးထားဖို့ကိုလည်း ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းပြောဆိုထားပါတယ်။

” ကျမတို့ လက်လှမ်းမှီတဲ့အိမ်တိုင်နီးပါးမှာတော့ ဗုံးခိုကျင်းတွေရှိသလို စနစ်တကျ လုပ်ဖို့ကိုလည်း လိုက်ပြီးစစ်ပေးထားတာမျိုးတွေရှိပါတယ်။တစ်ချို့လက်လှမ်းမမှီတာတွေလည်းရှိပါသေးတယ်” ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသူများ…
0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

ပုသိမ်ကြီးတွင် ရပ်ကွက်အာဏာပိုင်များ ရုံးခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခံရ၊ မိတ္ထီလာတွင်လည်း အုပ်ချုပ်ရေးမှူးဖြစ်တာ ၂ရက်သာ ရှိသေးသူ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီး နဲ့ မိတ္ထီလာမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။