မြန်မာပြည်သူတွေ မြန်မာနှစ်သစ်မှသည် အားလုံး သာကြပါစေ၊ မာကြပါစေကြောင်း၊ သဘာဝဘေး၊ လူလုပ်ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း မန္တလေးမြို့ တော်လှန်လူငယ်တွေက ဆုတောင်းရင်း နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖော်ဆောင်ခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။

ငလျင်ဘေးကြီးကို အပြင်းထန်ဆုံး ကြုံတွေ့ ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကတော့ လူထုကို မကူညီဘဲ လူထုကို အနိုင်ကျင့် သောင်းကျန်း ဗိုလ်ကျနေဆဲဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက ဆိုပါတယ်။

ရက်စက်ယုတ်မာလှတဲ့ အာဏာရှင် မင်းအောင်လှိုင်ကို ဆက်လက် တွန်းလှန်ရင်း ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးကူပြီး တော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြဖို့ မန္တလေးသပိတ်အင်အားစု တိုက်တွန်းထားပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ဖော်ဆောင်ခဲ့တဲ့ အဆိုပါလှုပ်ရှားမှုကို ကာယကံရှင်တွေရဲ့ လုံခြုံရေးအရ အခုမှ သတင်းထုတ်ပြန်ရတာ ဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” စာတန်းချိတ်ဆွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ" ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။