စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။

KNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲခဲ့ရာက ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်ကို ထွက်ပြေးလာတာလို့လည်း သတင်းထဲမှာဖော်ပြထားပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီး ၇၂ ဦးနဲ့ ကလေး ၁၀၄ ဦး အပါအဝင် ပြည်သူ ၂၁၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ၎င်းတို့ကို ထိုင်းအာဏာပိုင်တွေက ယာယီအမိုးအကာ စီစဉ်ပေးထားပြီး၊ ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးကို ပြန်လည်တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ဒေသတွင်းသတင်းများမှာတော့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အနီးတဝိုက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူများ ထွက်ပြေးလာခဲ့ရတယ်လို့ ဆိုကြပါတယ်။

News- Khaosod
0 Shares:
You May Also Like
Read More

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ နှစ် ၃၀ ပြည့် တပ်မတော်နေ့အခမ်းအနား…

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

လားရှိုးက စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ မိသားစု၀င် ၃၁ ယောက်ကို MNDAA ထပ်လွှတ်ပေး

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။