မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖော်ထုတ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၇) စစ်ဗျူဟာနဲ့ တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်မှာ ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ သောက်စားယူးယစ်နေတဲ့ ညောင်လေးပင်မြို့နယ်က ပျူစောထီးခေါင်းဆောင် ဦးလှိုင်မင်း၊ ဒုတိပျူစောထီးခေါင်းဆောင် ကိုမဲကြီးအပါအဝင် မိသားစုဝင် ၄၈ ယောက်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီထောက်ခံ လော်ဘီသတင်းတွေက ဝါဒဖြန့်သလိုမျိုး ဘုရားဖူးပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာမျိုး မလုပ်ပါဘူး။ အဲဒီလိုအလုပ်တွေက သူတို့ပဲလုပ်ကြတာပါ။ ကျနော်တို့က မတိကျမသေချာပဲ ဘာမှမလုပ်ဘူး။ သူတို့သောက်စားမူးယစ်ပြီး ရေကူးနေကြတဲ့အချိန်မှာ ဖမ်းတာပါ ဘုရားဖူးတဲ့အချိန် ဖမ်းတာမဟုတ်ပါဘူး” လို့ အမှတ် (၂၇) စစ်ဗျူဟာနဲ့ တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းသတင်းဌာနကို ပြောပါတယ်။

အဓိက အနေနဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ လှိုင်မင်းဆိုသူနဲ့ ပျူအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် လုံခြုံရေးအရ သူတို့နဲ့ အတူပါလာတဲ့ မိသားစုဝင် ၄၈ ယောက်စလုံးကို ခေတ္တ ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုအေးမင်းထွန်းက ဆက်လက်ပြီး “အဓိကဖမ်းတာကတော့ ခေါင်းဆောင် လှိုင်မင်းပါ သူနဲ့အတူ ပျူအဖွဲ့ဝင် (၄)ယောက်ပါတယ် သူနဲ့ဆို(၅)ယောက်ပေါ့ ဒါပေမယ့် မိသားစုတွေ ရောပါလာတော့ သူတို့မိသားစုတွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ပြီး အားလုံးကို လတ်တလော ခေါ်သွားတာပါ… မိသားစုဝင်တွေကိုတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားပြီး အခုတော့ သူတို့မိသားစုကို ပြန်လွတ်ပေးလိုက်ပါပြီ” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပျူခေါင်းဆောင် လှိုင်မင်း၊ ပျူအဖွဲ့ဝင်တွေဖြစ်တဲ့ မဲကြီး၊ မင်းမော်ဦး (လှိုင်မင်းရဲ့သား)၊ ကျော်ကျော်ဦး၊ သိန်းဌေး နဲ့ လှိုင်မင်းရဲ့ မိန်းမဖြစ်သူ ယမင်းတို့ကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ ဧပြီလ ၁၈ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ ပျူစောထီးတွေရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ကာ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ် မူတည်ပြီး ထိရောက်တဲ့ပြစ်ဒဏ်ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ကိုအေးမင်းထွန်းက ဆိုပါတယ်။

“ပြစ်မှုတွေ တော်တော်ကျူးလွန်ထားတယ် ရွာတွေကို ခမရ (၂၀)က စစ်ခွေးတွေနဲ့ပေါင်းပြီး မီးရှို့တာတွေ… ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းဖျောက်တာတွေ… ပြည်သူတွေရဲ့ ပစ္စည်းတွေကို ရောင်းစားတာတွေ…. ခမရ(၂၀)ထဲကို ပို့ဆောင်ပေးရတာတွေ… ညောင်လေးပင်မြို့နယ် စီမံကောင်စီ ဗိုလ်မှူး နေလင်းဆိုသူနဲ့ပေါင်းပြီး လူငယ်တွေကို လမ်းမှာစောင့်ဖမ်းပြီး ခမရ (၄၄၀) ဒိုက်ဦးကို စစ်မှုထမ်းခိုင်းဖို့ ချက်ချင်းပို့ဆောင်တာတွေ…. ပါလာတဲ့ဆိုင်ကယ်တွေကို ရောင်းပြီး ဗိုလ်မှူးနေလင်းနဲ့ ခွဲဝေယူကြတာတွေ ကျူးလွန်ထားတာတွေအများကြီးပါ။ အသေးစိတ်ကို ပြည်သူတွေကို ချပြပေးသွားမှာ” လို့ ဆိုထားပါတယ်။

အဆိုပါ ပျူစောထီးနဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံလိုက်ရတဲ့ ကဒက်ချောင်းရေတံခွန်ဟာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ယူထားတဲ့ ကျိုက်ထီးရိုးတောင်ခြေက ကင်းမွန်းစခန်းနဲ့ မိုင်ဝက်ကျော်ကျော်လောက်သာ ဝေးပြီး ဆိုင်ကယ်နဲ့ သွားရင် ၅ မိနစ်ဝန်းကျင်သာ သွားလာရတဲ့ နေရာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။