မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ – YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ – YRF အနေနဲ့လည်း (၄)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပဒေသာကပွဲပြုလုပ်ပြီးအ ခြေစိုက်ရာဒေသရှိ ပြည်သူတွေကို ဖျော်‌ဖြေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပဒေသာကပွဲမှာ တပ်တော်ရှိ ရဲဘော်၊ ရဲမေတွေက သျှံထက်ကို (ဒိုင်ကြီး) ရေးသားတဲ့ “ရောင်နီ”ပြဇာတ်၊“ရတနာပုံအညာအငြိမ့်စစ်စစ်”အငြိမ့်ခန်း၊တေးသီချင်းတွေ၊ တေးသရုပ်ဖော်တွေနဲ့ ပြည်သူလူထုကို ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ခလရ ၂၈၅ က စစ်သား(၂)ဦး တနင်္သာရီမြို့နယ် ပကဖ ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် ၂ ဦး သေဆုံး၊ ၉ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

သီပေါတွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက သမီးဖြစ်သူကို အကျဥ်းချကာ အဖေဖြစ်သူ၏ ရွေးကောက်ပွဲမိန့်ခွန်းသုံးပြီး ပြည်သူကို ခြိမ်းခြောက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို နေ့စဥ်နဲ့အမျှ ထည့်သွင်းဖော်ပြနေပါတယ်။
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။