အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ အာဆီယံဥက္ကဋ္ဌအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ မြန်မာပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး တို့နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဧပြီ ၁၇ ရက် မနေ့ကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ စီစဥ်မှုနဲ့ Rosewood Hotel မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အကြမ်းဖက်မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအတွင်း မြေပြင်ဆေးရုံတွေ ချက်ချင်းတည်ဆောက်ဖို့အပါအဝင် ငလျင်ဘေးသင့် မြန်မာပြည်သူတွေ အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေမှုတွေအပေါ် အာရုံစိိုက်ဆွေးနွေးခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်အကြောင်း ဆွေးနွေးခဲ့တယ်လို့ မလေးရှားဝန်ကြီးဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အကျဥ်းသား ၄,၈၀၀ ပြန်လွှတ်ပေးခဲ့တာ အပါအဝင် စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို မလေးရှားဝန်ကြီးချုပ်က ကြိုဆိုထားပြီး အဓိပ္ပာယ်ရှိတဲ့သင်္ကေတတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်တွေ့မြေပြင်မှာတော့ အကြမ်းဖက်စစ်​​ကောင်စီက ယာယီအပစ်ရပ်​ကြေညာထား​ပေမယ့် စစ်ကိုင်းငလျင်ကြီး​နောက်ပိုင်းမှာ ဆက်တိုက် ဗုံးကြဲ​ပြီး ပြည်သူ​တွေကို သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

နှစ်သစ်ကူးကာလပါမရှောင် ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစု​တွေက ဧပြီလ ၁၆ ရက်​နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲကြား မြန်မာနိုင်ငံသားများ ဘေးကင်းလုံခြုံရေး အကြံပြုချက် NUG ထုတ်ပြန်

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကနေ ပစ်ခတ်မှုတွေအထိ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုတွေကြား နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပြုလိုက်နာရမယ့် အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ မုန့်မျိုးစုံ ထုတ်လုပ်သည့် အလုပ်ရုံမှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။