ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ (၄) နှစ်ပြည့် တပ်မွေးနေ့အထိမ်းအမှတ်ကို တက်ရောက်ဂုဏ်ပြုခွင့်ရသည့်အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါပြီး ပြည်သူကို အလေးထားသောတပ်၊ စည်းကမ်းကျင့်ဝတ်ကို လေးစားလိုက်နာသောတပ်၊ တော်လှန်ရေးကို သစ္စာ‌စောင့်သိသောတပ် ဖြစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်TRIဗျူဟာအနေဖြင့် အားကိုးယုံကြည်လျက် ရှိကြောင်း” ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် BPLA အနေနဲ့ အရပ်သားဩဇာခံမယ့်တပ်၊ စစ်ဘုရင်ဝါဒီကို ရိုက်ဖျက်မယ့်တပ်၊ ဖက်ဒရယ်ဒီမိုကရေစီကို မျှော်ရည်တဲ့တပ်၊ လူ့အခွင့်အရေးကို အလေးထားတဲ့တပ်၊ ဝောာ်လှန်ရေးခရီးကို ပြီးဆုံးအောင် လျှောက်မယ့်တပ်အဖြစ် ဆက်လက်ရပ်တည်ရှင်သန်ပေးဖို့လည်း TRI ဗျူဟာမှူးက ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ရွှေ၊ ရေပူကျေးရွာကို စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

သန်းခေါင်စာရင်းကောက်နေသူ ၉ယောက်ကို လောင်းလုံး ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၅) ဦး ထိခိုက် ဒဏ်ရာရ၊ နေအိမ် (၁) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါ မန်ကျည်းခင်ရွာကို ခလရ ၅၀ စစ်ကြောင်း အချိန်မတော် ဝင်ရောက်စီးနင်း၊ ကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။