မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် ပကဖ ရဲဘော်တွေအနေနဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ လဲလျောင်းရာ အုတ်ဂူဆီ သွားရောက် အလေးပြုပြီး မြင့်မြတ်တဲ့ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်အောင် တောင်းဆုပြုခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေဟာ ဇန်နဝါရီလ (၁၇)ရက်မှာ စစ်ကောင်စီတပ်က အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးနဲ့ ဒုတပ်စိတ်မှူး အပါအဝင် စစ်သား(၇) ယောက် လက်နက်နဲ့ အလင်းဝင်လာတာကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးသီးကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

ကျဆုံးရဲဘော်တွေကို ဇန်နဝါရီလ (၁၉)ရက်မှာ အာဇာနည်ကုန်းမှာ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုကာအခမ်းအနားနဲ့ သင်္ဂြိုလ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးကြောင့် ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ လယ်ဝေးမြို့နယ်-ပကဖက ရဲဘော်သူရတို့လည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပစ်ချခံရသည့် ဂျက်ဖိုက်တာကို စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပစ်ချခံခဲ့ရတဲ့ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ဆိတ်ဖြူမြို့နယ်မှာ တော်လှန်ရေးရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်စည်းကမ်း သင်တန်းပို့ချ

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်မှာ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံက ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပို့ချခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

မတ္တရာအရှေ့ခြမ်းတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲပြင်းထန်နေ… စစ်အုပ်စုက လေကြောင်းရော လက်နက်ကြီးပါ အဆက်မပြတ် အသုံးပြုနေ

မနေ့ တမြန်နေ့က မတ္တရာအရှေ့ခြမ်းမှာတိုက်ပွဲ အတော်ပြင်းတယ်။ နေ့ရောညရော လက်နက်ကြီးသံတွေညံနေတာ။ ဖိုက်တာနဲ့လည်းပစ်တယ်။ စကစက တိုးလာလိုက် ကိုယ့်ဘက်ကပြန်တိုး လိုက်နဲ့ပေါ့။" လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ကြံ့ခိုင်ရေးကိုသာ အနိုင်ပေးမည်ဆိုသည်ကို သိလျက်နှင့် ဝင်ပြိုင်ခဲ့သူများ ကြံ့ခိုင်ရေးပါတီ အနိုင်ရနေတာကြောင့် ဝေဖန်ပြစ်တင်နေကြ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာ စစ်တပ် လက်ဝေခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) သာ အနိုင်ရနေတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြားမှာ “တရားမျှတမရှိဘူး” ဆိုတဲ့ ဝေဖန်သံတွေ ပြင်းထန်စွာ ထွက်ပေါ်လာနေပါတယ်။