တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၆ ရက်က ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၂၄ တပ်ရင်းကနေ စစ်ကောင်စီတပ်သားအဆင့် အောင်ကိုကိုဆိုသူက ထွက်ပြေးလာခဲ့ပြီး ၁၇ ရက်မှာတော့ KNLA ပူးပေါင်းတပ်ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်ဇာတိဖြစ်တဲ့ အလင်းဝင်လာသူ စစ်သားဟာ စစ်မှုထမ်းသက်တမ်း ၁ နှစ်သာရှိသေးပြီး တော်လှန်ရေးတပ်တွေ နွေးထွေးစွာ ကြိုဆိုခဲ့တယ်လို့ KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဝီးမြို့မှာ ဒေသခံ အမျိုးသားတစ်ယောက်က မြေမြှုပ်မိုင်းတစ်လုံးကို ဓားနဲ့​ခုတ်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ယောက် ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ရရှိခဲ့ကြောင်း BNRA ထုတ်ပြန်၊ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းရင်း BNRA ရဲဘော် ၉ ယောက် ကျဆုံးခဲ့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ကာ မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။