တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့  ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီတိုင်းစစ်ဌာန ဗျူဟာ (၂၉) အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ အွန်လိုင်းကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ရေးဗျူဟာအရ အဆင့် (၃) ဆင့်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ တနိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးစားခဲ့ကြရပြီး ဒုတိယအဆင့်အနေနဲ့လည်း မဟာဗျူဟာ ထိုးစစ်ဆင်၊ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲကြရမှာဖြစ်ပြီး တတိယ နောက်ဆုံးအဆင့်မှာ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးကို ဆင်နွှဲကြဖို့ ခြေလှမ်းအစ ဖြစ်သလို PDF တပ်မတော် နဲ့ မဟာမိတ်တပ်တွေဟာ အထွေထွေထိုးစစ်ကြီး အတွက် ပြင်ဆင်နေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ကြီးနားမြို့ ရွှေဆိုင် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ 
Read More

ချီဗွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ချီမွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၉ ရက်က ချီဗွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မြို့နယ်မှာ တော်လှန်ရေးရဲဘော်များ၏ စစ်ဆေးမှု မခံဘဲ ကားမောင်းပြေးသည့် ရဲစခန်းမှူးနှင့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးရဲဘော်တွေ ဗျူဟာမြောက် စစ်ဆင်ရေးအဖြစ် လမ်းပိုင်လုံခြုံရေးစစ်ဆေးမှုပြုလုပ်နေချိနိ ရဲစခန်းမှူး မောင်မောင်စိုး လိုက်ပါလာတဲ့ အိမ်စီးကားဟာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော် ဟိုတယ်အေးချမ်းသာမှာ ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ငလျင်လှုပ်ခတ်ပြီး ၅ ရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဟိုတယ်အေးချမ်းသာအဆောက်အအုံမှာ ပိတ်မိနေသူ ၂ ယောက်ထဲက ၁ ယောက်ကို  ဒီနေ့ မတ်လ ၂ ရက် မနက်အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေသည့် ရဲကား လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။