ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ (၁၈)ရက် ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ညောင်လေးပင်ခရိုင်၊ ရေတွင်းကုန်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီး ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)ကနေ (၁၂၀)မမ လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့ရာ ‌‌အဆိုပါကျေးရွာအတွင်း ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူ (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ပြည်သူတွေ သေဆုံး၊ ပျောက်ဆုံးမှုတွေ ရှိနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို ကူညီ၊ ကယ်ဆယ်ရမယ့်အစား နိုင်ငံအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ အမေရိကန်အနေနဲ့ အားကောင်းအသက်ဝင်ဖို့ လိုအပ်နေသေးဟုဆို

စစ်ကောင်စီထံ လေယာဉ်ဆီတွေ မရောက်ရှိဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖြတ်တောက်မှုတွေကို ပိုမိုပြီး အားကောင်း အသက်ဝင်ဖို့ လိုအပ်နေသေးကြောင်း The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

MDY-PDF က သပိတ်ကျင်းမြို့နယ်၊ ကျေးရွာ (၆) ရွာကို ဆန်အိတ် (၃၀၀)နဲ့ ကျပ်သိန်း (၅၀၀) ထောက်ပံ့ လှူဒါန်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာကျေးရွာ ၆ ရွာက အရပ်သားပြည်သူတွေအတွက် ဆန်အိတ် (၃၀၀)နဲ့ အတူ ငွေကျပ်သိန်း(၅၀၀)ကို မတည်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ပါတယ်။