မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနှစ်ဆန်း (၁)ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ကဆုတ်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေတွေ နောက်မှာ ဆက်ပြီး တင်ဆက်ပေးသွားမယ်လို့လည်း TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီလ (၂)ရက်ကနေ (၂၂)ရက်အထိ ရက်ပေါင်း (၂၀)ကြာ အပစ်ခတ်ရပ်ခဲ့ပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲခြင်းစတဲ့လုပ်ရပ်များ ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝေါ်လေဗျူဟာကုန်းကနေ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား သေနတ်နဲ့ ချောင်းပစ်ခံရလို့ လက်နက်ကြီးနဲ့ ရမ်းထုနေ

ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူအပေါ် တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်၊ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်ကြောင်း BPLA ထုတ်ပြန်

ပြည်သူတွေအပေါ် လူ့အခွင့်အရေးအရ ကျူးလွန်ဖောက်ဖျက်မှုတွေရှိရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန် အသိပေးလိုက်ပါတယ်။
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။