ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) နေ့လယ် ၁ နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်တွေက Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကိုယ်ဝန်ဆောင် မနှင်းဦး (၃၇နှစ်) ဟာ ကျောဘက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြောက်ကမ္မရိုက်ကျေးရွာနေ ဦးဖိုးကျော် (နှဖူးထိ)၊ ဦးပန်းသွင် (ရင်ဘတ်အနည်းငယ်ထိခိုက်)၊ သဲပိုးလေး အသက် (၇) နှစ် (လက်မောင်းရှပ်ထိ)၊ သဲမြတ်နိုး အသက် (၉ )နှစ် (ပေါင်ရှပ်ထိ) တို့ကတော့ မစိုးရိမ် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာကို YAK -130 လေယာဉ်နဲ့ စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက်၊ ကိုရင် (၈) ပါး၊ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မင်းလင်းပြည့်အောင် (၉)နှစ်၊ မင်းကွန်ဗလဲ (၃)နှစ်၊ ကိုမျိုး(၃၄)နှစ်၊ ဒေါ်သိန်းရှင် (၇၆)နှစ်၊ မိကျဲကျဲမွန် (၃)နှစ်၊ မိပိုးဖူးဇင် (၁၅) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ ဧပြီလ (၂) ရက်ကနေ (၂၂) ရက်အထိ ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမယ့် နေရာတော်တော်များများမှာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတ
ယ်။

(ဓာတ်ပုံ Mon Liberation Army)

0 Shares:
You May Also Like
Read More

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတွေ အခုရက်ပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်သေဆုံးမှု များပြားလာကြောင့် စစ်မှုထမ်းဆင်း လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ဖမ်းဆီးထားသည့် ဓားစားခံ ၄ ဦးနှင့် ဘုန်းကြီးတစ်ပါးအား ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ကရင်ပြည်နယ် ပြည်သူ့ရင်ခွင် Camp ရှိ CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များကို အခြေခံရိက္ခာ ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့ရင်ခွင် Camp က CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ ဩဂုတ်လ ၁၁ ရက်မှာ အခြေခံရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်စွဲထားသည့် နေရာကို ချင်းညီနောင် တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း များစွာနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ဆိုင်းဘုတ်နားမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ နေရာကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။