အရွယ်အလိုက် ကြီးပြင်းလာတဲ့ တော်လှန်ရေးကို တော်လှန်ရေးလားမြောက်အောင် ထပ်မံ ချဲ့ထွင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို ယူဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ကောက်ရိုးမီး မဟုတ်ဘူး။ နွေဦးတော်လှန်ရေးကလည်း ရာသီချိန်ကျလို့ ပေါ်လာတဲ့ တော်လှန်ရေးလှိုင်းလုံး မဟုတ်ပါဘူး။ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းထဲကနေ မွေးဖွားသန့်စင်လာတဲ့ အနာဂတ်သစ်ဖြစ်တယ် / သွေးသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အရွယ်အလိုက် ကြီးပြင်းလာတဲ့ တော်လှန်ရေးကို “တော်လှန်ရေးလားမြောက်အောင်” ထပ်မံ ချဲ့ထွင် တည်ဆောက်ဖို့ လိုပါတယ်။” လို့ ယာယီသမ္မတက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အသွင်သဏ္ဍာန်အရ ဖော်ဆောင်နေတာကြောင့် NUG အစိုးရအနေနဲ့လည်း လက်တွေ့ကျကျ လက်ဦးမှုရယူပြီး လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအသွင်အပြင်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားဖို့ လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

“အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင် ဆိုင်းပြင်းမှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ “အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး” နိုင်ငံရေးလှုပ်ရှားမှု သက်သက်လောက်နဲ့ တင်းတိမ်ရောင့်ရဲနေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ဒီ့ထက်ကျယ်ပြန့်တဲ့ နိုင်ငံရေးတုန့်ပြန်မှုတွေကို လုပ်နိုင်ဖို့ လိုပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အသွင်သဏ္ဍာန်အရ ဖော်ဆောင်နေတာဖြစ်ပေမယ့်၊ ကျွန်တော်တို့က လက်တွေ့ကျကျ လက်ဦးမှုရယူပြီး လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအသွင်အပြင်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားဖို့ လိုပါတယ်။ အဲဒီ့အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နှစ်သစ်နဲ့အတူ ပြည်သူလူထုရဲ့ အားကိုးယုံကြည်လေးစားထိုက်တဲ့ ပြည်သူ့အစိုးရတစ်ရပ်ဖြစ်အောင် ဆက်လက် ကြိုးစားသွားမယ်လို့လည်း ယာယီသမ္မတက ကတိပေးပြောကြားခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကိုတော့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နွားထိုးကြီး၊ ပဲချက်ရွာကို စစ်အုပ်စု စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ၊ ၄ ဦး သေဆုံးပြီး ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ထုတ်ပြန်သည့် နဂါးနန်းတော် ရွှေဆိုင်ဓားပြမှု တရားခံ ၂ ယောက်သည် ကျေးရွာ PDF တပ်ဖွဲ့ဝင်များနှင့် မသက်ဆိုင် ဟု သိရ

မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရာတော်မှာ စစ်တပ်ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်၊ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။