ဒီနှစ် အတာသင်္ကြန်ကာလဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများအတွက် ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 

သင်္ကြန်မကျခင် ၂ ပတ်ခန့်အလိုမှာ ကြမ်းတမ်းစွာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းအခြေပြု ငလျင်ကြီးကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူများ သေကြေပျက်စီးခဲ့ရသလို၊ တိုက်တာအဆောက်အဦးများစွာ ပြိုကျပျက်စီးမှုကြောင့် သိန်းနဲ့ချီတဲ့ပြည်သူတွေဟာ တမဟုတ်ချင်း အိုးအိမ်မဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။

ဒါဟာ၊ ၂၀၂၅ နှစ်ဆန်းပိုင်းကစလို့ သိသာထင်ရှားလာတဲ့ တရုတ်နိုင်ငံရဲ့ ဘက်စုံဖိအားများကြောင့် လားရှိုးမြို့ကနေ ကိုးကန့် MNDAA တပ်များ ပြန်ဆုတ်ပေးရတဲ့အပေါ် ပြည်သူအများ စိုးရိမ်မှု မြင့်တက်နေချိန်၊ ငလျင်က တစ်ပူပေါ်နှစ်ပူဆင့်စေခဲ့တာပါ။ 

နိုင်ငံရေးအရ ငလျင်အကြောင်းပြုပြီး စစ်ခေါင်းဆောင်ကို နိုင်ငံရေးစင်မြင့်ပေါ်  ပြန်တင်ပေးလိုတဲ့ နိုင်ငံတချို့ရဲ့ လုပ်ရပ်များနဲ့အတူ၊ လာမယ့်ဒီဇင်ဘာမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ စစ်‌ခေါင်းဆောင်ရဲ့ပြောဆိုချက်တွေဟာလည်း ကျယ်ကျယ်လောင်လောင် ထွက်လို့လာပါတယ်။

စစ်ရေးဘက်မှာတော့၊ စစ်အုပ်စုကို ဖြိုဖျက်နိုင်မှသာလျှင် မိမိတို့သက်ဆိုင်ရာနယ်မြေဒေသများ အမှန်တကယ် ငြိမ်းချမ်းနိုင်မယ် ဆိုတဲ့အမြင်ကို လက်ခံယုံကြည်လာမှုနဲ့အတူ တော်လှန်ရေးအင်အားစုများအကြား တစ်စထက်တစ်စ ပိုမိုနားလည် စုစည်းလာနိုင်ချိန်လည်း ဖြစ်လို့နေပြန်ပါတယ်။

အခုလာမယ့်နှစ်ဟာ မြန်မာပြည်သူများအတွက် ပိုမိုကြမ်းတမ်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အဲလိုကြမ်းတမ်းတဲ့ကာလအချိန်တွေမှာပဲ နိုင်ငံရေး/ စစ်ရေးချိန်ခွင်လျှာဟာ တစ်ဖက်ဖက်ကို အလေးသာ သွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိ မမြင်နိုင်သေးတဲ့ မြင်ကွင်းများစွာရှိနေသေးတဲ့ နိုင်ငံရဲ့အခြေအနေဟာ ငလျင်ကြီးအပြီး အဆိုးဆုံးအချိန်ကာလမျိုးကို ရောက်လို့နေပေမယ့်၊ ကျွန်တော်တို့တတွေဟာ ဒေသတွင်းနိုင်ငံများနည်းတူ တိုးတက်ကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်ဖို့ ထိုက်တန်သူတွေ ဖြစ်ပါတယ်။ 

ဒါကြောင့် တိုးတက်ကောင်းမွန်တဲ့ အခြေအနေများကို မကြာသောအချိန်ကာလမှာ ပြန်လည်ရရှိလာမယ်လို့လည်း နှစ်သစ်မှာ အကောင်းမြင်နဲ့ ရှုမြင်ပါတယ်။

အခုအချိန်ဟာ နိုင်ငံတကာမှာ ဖြစ်ပျက်နေမှုများနဲ့ဆက်စပ်ပြီး မြန်မာမီဒီယာကဏ္ဍမှာလည်း မရေရာမှုများ မြင့်တက်လာနေပါတယ်။

တော်လှန်ရေးနဲ့အတူ မီဒီယာကဏ္ဍမှာ ‌ပေါက်ဖွားလာတဲ့ မောင်းအနေနဲ့ အခက်အခဲပေါင်းများစွာကြားက နိုင်ငံတွင်း တရားမျှတမှုရှိစေရေး နိုင်ငံငြိမ်းချမ်းရေးနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးရာတွေမှာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ မတွန့်မဆုတ် ဆက်လက်ရေးသား တင်ဆက်သွားမှာ ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ ကျွန်တော်တို့လို သက်တမ်းနုသတင်းဌာနတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ လူအရင်းအမြစ်အပါအဝင် အခက်အခဲ၊ အကျပ်အတည်းများစွာကို အတူတကွရင်ဆိုင်ရင်း ကြိုးစားဖြတ်သန်းပေးနေတဲ့ (အလုပ်ချိန်၊ ကိုယ်ပိုင်အချိန်ရယ်လို့ပင် ကွဲကွဲပြားပြား မရှိတော့ဘဲ အချိန်များစွာပေးပြီး လုပ်ကိုင်နေတဲ့) မောင်းအဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာစွာနဲ့ မိမိတို့ဖြစ်ချင်တဲ့ စိတ်ဆန္ဒများအတိုင်း ပြည့်ဝကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

— မောင်းအဖွဲ့သူအဖွဲ့သားများ

0 Shares:
You May Also Like
Read More

လက်ရှိရေဘေးက ထပ်မံညွှန်ပြလိုက်သည့် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသောအဖြေ

ယခုရက်ပိုင်းအတွင်း ပြည်သူများ ရေဘေးသင့်နေသည့် သတင်းများသည် မြင်ရတွေ့ရ ကြုံရသူများအတွက် စိတ်နှလုံးကို နွမ်းလျစေလွန်းလှသည်။ အတည်မပြုရသေးသော သတင်းများအရ သေဆုံးသူ ရာပေါင်းများစွာရှိပြီး၊ ပျောက်ဆုံးနေသူများလည်း ဒုနဲ့ဒေးပင်။ 
Read More

လူမဆန်ပြီး၊ သူရဲဘောကြောင်လွန်းသည့် စစ်ရာဇဝတ်မှုများအတွက် အမိန့်ပေးသူရော နာခံကျူးလွန်သူများပါ ကြီးလေးသည့်ပြစ်ဒဏ်မှ ရှောင်လွှဲ၍ ရမည်မဟုတ်

ယနေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ရသည်။ ပြင်းထန်ဒဏ်ရာရသူ အများအပြားလည်းရှိနေပြီး၊ သေဆုံးသူဦးရေတိုးလာမည်ကို စိုးရိမ်‌နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။
Read More

မြန်မာစစ်တပ်အတွက် ဖျောက်ဖျက်မရတော့သည့် ရှက်စရာအကောင်းဆုံး နေ့ရက်

တရုတ်၏ မြန်မာ့အရေး ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်မှု ရလဒ်အနေဖြင့် ကိုးကန့် MNDAA တပ်များ ယခုရက်ပိုင်းအတွင်း  လားရှိုးမြို့မှ အပြီးတိုင်ပြန်လည်ထွက်ခွာရတော့မည်ဖြစ်သည်။ မြေပြင်တွင်လည်း ပြီးခဲ့တဲ့ရက်ပိုင်း‌များကစ၍ MNDAA တပ်သားများ ကားကြီးကားငယ်အသွယ်သွယ်နှင့် သိန္ဒီမြို့ဖက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး၊ ဌာနဆိုင်ရာအဆောက်အအုံများတွင် လွှင့်ထူထားသည့် MNDAA အလံများကိုလည်း ပြန်လည်ဖြတ်ချသွားခဲ့ပြီဖြစ်သည်။  
Read More

အမှောင်ဆုံးကာလကို ကျော်လွန်ဖြတ်သန်းနေသည့်အချိန် (အယ်ဒီတာအဖွဲ့)

ယနေ့‌နေ့လယ်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားသော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ နေရာတော်တော်များများတွင် ထိခိုက်သေကြေဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် လွန်စွာမှပင် ဝမ်းနည်ကြေကွဲမိပါသည်။