တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့က ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက်၊ ရွှေဂဲညိုရွာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဧပြီ ၁၆ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ပျူစောထီး‌ခေါင်းဆောင် ဌေးဝင်း သေဆုံးခဲ့ပြီး လက်နက်(၁၀) လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်တွေကတော့ AK (၅) လက်၊ ကာဘိုင် (၁) လက်၊ M16 (၃) လက်၊ M79 (၁) လက်နဲ့အတူ ၄၀ မမ ဗုံးသီး ၅ လုံး၊ M16 ကျည် (၂၀) တောင့်၊ ကာဘိုင်ကျည် (၇) တောင့်၊ အီကွစ်မန့် (၁)စုံ၊M16 ကျည်ဘောက် (၂)ခု၊ စကားပြောစက်(၁)လုံးနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…