မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်စိုးမိုးနိုင်မှုက လေးပုံတစ်ပုံတောင် မရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ရိုးရာ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာစစ်သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီလို့ ယာယီသမ္မတက ဆိုပါတယ်။

“တော်လှန်ရေးအင်အားစုအသီးသီးရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုတွေ ကြောင့် ဒီကနေ့အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတလျောက် အကြီးမားဆုံး ရှုံးနိမ့်မှုတွေ ကို ရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာ အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံတပုံတောင် မရှိတော့ဘူးဆိုတာကို မြေပြင်အချက်အလက်တွေက ဖော်ပြနေ ပါတယ်။ ” လို့ ပြောကြားထားပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကောင်စီရဲ့ ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေဟာ တစ်ပူပေါ် နှစ်ပူဆင့်ခဲ့ရတယ်လို့လည်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားထားပါတယ်။

“မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အသက်တွေ ဆုံးရှုံးခဲ့ကြရ၊ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ကြရတာနဲ့အမျှ အကြမ်းဖက် စစ်အုပ်စုရဲ့ ယုတ်မာ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ကြုံတွေ့နေရပြီးသား ဘေးဒုက္ခတွေဟာ တပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ကြရပါတယ်။ ” လို့ ပြောကြားထားပါတယ်။

ငလျင်ဒဏ်ကြောင့် လူထုထိခိုက်ခံစားရမှုကို အကြမ်းဖက်စစ်ကောင်စီက အသုံးချပြီး လူသားစာနာမှု အကူအညီတွေကို အကျိုးအမြတ်အဖြစ် အသုံးချနေတယ်လို့လည်း ယာယီသမ္မတက ပြောဆိုထားပါတယ်။

“… ကျနော်တို့လူထု ထိခိုက်ခံစားရမှုကို အကြမ်းဖက် စစ်အုပ်စုက ထပ်မံ အသုံးချခွင့် ရသွားတာကတော့ စိတ်မကောင်းစရာကောင်းပါတယ်။ ဒါ့အပြင် လူသားစာနာမှု အကူအညီတွေကို စစ်အုပ်စုက လက်နက်သဖွယ် ကိုင်စွဲ အသုံးချနေပါတယ်။

နိုင်ငံတကာက ပေးအပ်တဲ့ လူသားစာနာမှု အကူအညီတွေဟာ လိုအပ်နေတဲ့ လူထုလက်ထဲ တိုက်ရိုက် ရောက်ရမှာဖြစ်ပါတယ်၊ လူထုကို ဘေးဒုက္ခ အန္တရာယ်မျိုးစုံ ကျရောက်အောင် လုပ်နေတဲ့ အကြမ်းဖက် စစ်တပ်လက်ထဲ လူသားစာနာမှု အကူအညီ စစ်အုပ်စုကိုယ်ကျိုး အတွက်အသုံးချဖို့ ဘယ်လိုနည်းနဲ့မှ ရောက်မသွားရဘူးဆိုတာ ကျနော် ရှင်းရှင်းပဲ ပြောကြားချင်ပါတယ်။ လူသားစာနာမှု အကူအညီဆိုတာ ကန့်သတ် ထိန်းချုပ်ရမယ့် အခွင့်ထူး ခံစားခွင့် မဟုတ်ပါဘူး၊ လူသားစာနာမှု အကူအညီဆိုတာ ဒုက္ခရောက်လူထု ရကိုရရမယ့် အခြေခံအခွင့်အရေး ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်

0 Shares:
You May Also Like
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီအမြစ်ပြတ်ရေး အခွင့်အခါကောင်းဖြစ်လို့ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ KIA အသိပေး

စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲပြီးပြန်သည့် စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။