မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၇ ရက် ဒီနေ့ မွန်းလွဲ ၁နာရီ ၂ မိနစ်မှာ မန္တလေးမြို့ရဲ့ မြောက်ဘက်၁၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက် ည ၁၁ နာရီ ၅၄ မိနစ်အချိန်ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့အနီးမှာ မြေအောက်အနက် ၉.၃ မိုင်ကို ဗဟိုပြုပြီး အင်အား ၄.၁ ရစ်ချက်တာစကေးရှိ အင်အားအသင့်ရှိတဲ့ ငလျင်ငယ်လှုပ်ရှားခဲ့ပါသေးတယ်။

အဆိုပါ မြေငလျင်ငယ်ဟာ မန္တလေးတိုင်းတောင်ဘက်ရှိ ပဲခူးတိုင်း၊ ဖြူးမြို့အထိ ၂၄၅ မိုင်အရှည်ရှိတဲ့ ပြတ်ရွေ့တစ်ကြောလုံး လှုပ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူနဲ့ အဆောက်အအုံတွေအောက် ပိတ်မိသေဆုံးသူလည်း ရာနဲ့ချီ ရှိနေခဲ့ပြီး အိုးအိမ်အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းရှိ စစ်ရှောင်စခန်း (၅)ခုကို PDF TRI ဗျူဟာ ရိက္ခာထောက်ပံ့၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုများ ပေးခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅)ခုကို ရိက္ခာ ထောက်ပံ့ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယားကို လက်နက်နဲ့တကွ ပကဖ ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထိုမှာ WY မူးယစ်ဆေးပြား ရောင်းဝယ်ရင်း တော်လှန်ရေးသတင်း ထောက်လှမ်းနေတဲ့ ရဲသတင်းပေးကို ပကဖ ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။