စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၁၆ရက်၊ ဒီနေ့ (သင်္ကြန်အတက်နေ့) နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်​အရှေ့ခြမ်းမှာရှိတဲ့ သစ်ဆိမ့်ရွာကို တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကြဲချလိုက်တဲ့ ပေါင်၅၀၀ ဗုံးမှာ သစ်ဆိမ့်ကျေးရွာလမ်းပေါ် ကျရောက်ပေါက်ကွဲပြီး လမ်းဘေးရှိနေတဲ့ နေအိမ်အတွင်းက အရပ်သားတွေ ထိခိုက်​သေဆုံးခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲလည်း မရှိသလို သင်္ကြန်လဲ မလုပ်ဘူး။ ငလျှင် ဒဏ်ခံစားနေခဲ့ရတဲ့ အတွက် ဒေသခံ တာဝန်ရှိသူတွေက သင်္ကြန်မလုပ်ရ စာထုတ်ထားတော့ရွာမှာအေးဆေးပဲနေနေကြတာ။ ရွာက ငလျင်ဒဏ်သိပ်မခံရပေမယ့် ငလျင်ကြောရှိနေတော့ သတိထားနေကြရတယ်။ အခုသေတဲ့အထဲ ၅နှစ်အရွယ်ကလေး၁ယောက်နဲ့ သူ့အဒေါ်ပါပါတယ်။” လို့ ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ဝက်လက်မြို့နယ်ကို အခုဖြစ်စဥ်မတိုင်ခင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း လေကြောင်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါသေးတယ်။

စစ်ကောင်စီအနေနဲ့ သကြန်ကာလအတွင်း တိုင်းနဲ့ပြည်နယ်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ နေ့စဥ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း (ဓာတ်ပုံ ဝက်လက်မြို့နယ် ရွာဇော်ကြီး)

0 Shares:
You May Also Like
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ကလေးဝ – ရေဦး လမ်းမကြီးနှင့် ဆက်စပ်လမ်းများတွင်လက်နက်ခဲယမ်း သယ်ဆောင်ခြင်း မပြုလုပ်ရန် ကလေးခရိုင် တပ်ရင်းများ အသိပေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်က ကလေးဝ-ရေဦးလမ်းမကြီးနဲ့ ဆက်စပ်ရှောင်ကွင်း လမ်းတွေမှာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်မရပဲ လက်နက် ခဲယမ်းသယ်ဆောင် တာတွေ မလုပ်ကြဖို့ အသိပေးထားတယ်လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းတွင် မြေပြင်အခြေအနေများ အမြဲမပြတ်လေ့လာရင်း မှန်ကန်ပြီး အလုပ်ဖြစ်သည့် စီမံမှုများ ဖြစ်အောင် ကြိုးပမ်းကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းမှာ မြေပြင်အခြေအနေတွေကို အမြဲမပြတ်လေ့လာရင်း မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလုပ်ဖြစ်တဲ့ စီမံမှုတွေ ဖြစ်အောင် ကြိုးပမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။