စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ မကွေးတိုင်း၊ ဂန့်ဂေါကြားက စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force (CDF-KKG) က ထုတ်ပြန်ပါတယ်။

CDF-KKG ရဲ့ Major Operation အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မြေပြင်နဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၀၀၀)ကျော် ပြုလုပ်ခဲ့တယ်လို့ CDF-KKG က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅) ယောက် ထက်မနည်း သေဆုံးခဲ့ပြီး အယောက် (၄၀) ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးနဲ့ အရပ်သားနေအိမ်ပေါင်း (၆၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း (၁၂) ရွာကျော်က ပြည်သူပေါင်း (၂၀,၀၀၀) ဝန်းကျင် တိမ်းရှောင်ခဲ့ရပြီး တစ်ဝက်ကျော်က အခုချိန်ထိ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

CDF-KKG Major Operation ကို ချင်းအမျိုးသားတပ်မတော်(CNA) က စစ်ရေးကွပ်ကဲခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှု စတင်ခြင်း နဲ့အတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖော်ဆောင်ခဲ့ပြီး ကလေးနဲ့ ဂန့်ဂေါ အကြားရှိ အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)၊ ပျူစောထီး စိုးမိုးတဲ့ ကြံသာရွာတွေကို (၂)လတာ အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

CDF-KKG အနေနဲ့ ကလေး-ဂန့်ဂေါ အကြား ကျန်ရှိနေသေးတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းတွေ၊ ပျူစောထီး စိုးမိုးကျေးရွာတွေကို မကြာမီ ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပြီး CDF-KKG အခြေပြုလှုပ်ရှားရာ ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

CDF-KKG ရဲ့ စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဓာတ်ပုံ CDF-KKG)

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရမိပြီး စစ်သား အလောင်း ၃၀ ကျော်တွေ့ရှိ၊ ၁၂၀ မမ လက်နက်ကြီးအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း ၅၀ ထက်မနည်းဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column 2 (Venom Column) ရဲ့ ထုတ်ပြန်ချက်နဲ့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။
Read More

96 Soldiers တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers - PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSPP/SSA ဗဟိုဌာနချုပ်မှ ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုကနေ ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။