စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်မြောက်နေ့ကို CRPH ကပေးပို့တဲ့ သဝဏ်လွှာမှတဆင့် ထုတ်ပြန်လိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများထူထောင်၍ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနေတယ်လို့လည်းဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတကာပါလီမန်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ ထောက်ခံမှုရရှိစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ တယ်လို့လည်း CRPH က ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ အခြားသော ဒီမိုကရေစီကိုလိုလားတဲ့ အင်အားစုများအားလုံးနဲ့ လည်း ခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ကြိုးပမ်းတည်ဆောက်နေတာကို မြင်တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

အစိုးရတစ်ရပ်ရဲ့ အနာဂတ်လုပ်ငန်းစဥ်တွေအဖြစ် ဘုံရည်မှန်းချက် တူညီတဲ့ တော်လှန်ရေးအင်အားစုများအားလုံးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ပိုမိုအားကောင်းခိုင်မာတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းလာစေဖို့လည်း ဆုမွန်ကောင်းတောင်းတယ်လို့လည်း သဝဏ်လွှာက ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ဗိုလ်ကြီးသေပြီး ဦးဆောင်သူမရှိတော့တဲ့ စစ်သား ၃ ယောက် TNLA ထံ အလင်းဝင်

အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
Read More

နိုင်ငံရေးမှာ ရိုးသားဖို့လိုပြီး မရိုးသားခြင်းရဲ့ ရလဒ်ကို မိမိတို့နိုင်ငံ ခံစားနေရတယ်လို့ မင်းအောင်လှိုင် တပြန်ကြီးပြော

နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို လက်ရှိမိမိတို့နိုင်ငံမှာ မြင်တွေ့နေရပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် ဧရာဝတီတိုင်းထဲက စစ်တပ်အသိုင်းအဝိုင်းပါ သွေးပျက်လာ

ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေအတွင်းကနေ မြို့နယ်အစပ် နေရာတွေအထိပါ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်လာနေပြီး နေရာချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်အရာရှိတွေလည်း သွေးပျက်ကာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးတောင်ပိုင်းမှာ စစ်တပ်က ဒေသခံပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်၊ ကျန်သူများအား ကတုံးတုံးပြီး ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ၄င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံအချို့ကို သတ်ဖြတ်လိုက်ပြီး၊ ကျန်အချို့ကို ကတုံးတုံးကာ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ဆို ကလေးနယ်ခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေဟာ အင်အားအလုံးအရင်း နဲ့ ကလေးမြို့ တောင်ပိုင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် တွင်းချောင်း ကျေးရွာထဲကို ဝင်ရောက်ခဲ့ပြီး ရွာထဲက ထွက်မပြေးပဲ ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရန် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု NUG ဆို

အကြမ်းဖက်စစ်တပ်က ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားတာဟာ အာဏာတည် မြဲရေး အတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေးတာပဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။