မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုတွေ ရှိတယ်လို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီ​နေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျ ကျေးရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိတ္ထီလာရှမ်းတဲ လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေရဲ့ အဆောက်အဦး ပျက်ဆီးမှုတွေ ရှိပေမယ့် အရပ်သားတွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ပြည်သူတွေအနေနဲလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်း ရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူး ဟု ထိုင်းငြင်းဆို

ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

မြေငလျင်ဒဏ်သင့်နေချိန် အင်တာနက်ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ စစ်ကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော် တောင်းဆို၊ သတင်းအမှောင်ချမှုက ပြည်သူအတွက် ဆိုးကျိုးဖြစ်စေကြောင်း IPCM ပြော

တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။