မတ်လ ၂၈ ရက်နေ့မှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ဘက်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ အကြီးအကျယ် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွေ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်နဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။

နေပြည်တော်ရှိ အစိုးရရုံးတွေ အပါအဝင် ဝန်ထမ်းအိမ်ရာ ၅၀ ရာခိုင်နှုန်းကျော်ဟာ ငလျင်ကြောင့် ဆိုးဆိုးရွားရွား ပြိုကျပျက်စီးခဲ့တဲ့အပေါ် စစ်ကောင်စီကတော့ သတင်းအမှောင်ချထားဆဲ ဖြစ်တယ်လို့လည်း အဆိုပါသတင်းရင်းမြစ်များက ဆိုပါတယ်။

“ပျက်စီးမှုတွေက နောက်လည်း တစ်စစနဲ့ ပေါ်လာမှာပါ။ နေပြည်တော်ပျက်စီးမှုကို မာရဝိဇယကိုယ်တော်ကြီး ဘာမှ မဖြစ်ဘူးဆိုတာမျိုးနဲ့ သတင်းကို ဖုံးထားတာပေါ့နော်။ စစ်ရုံးချုပ်အပါအဝင် ဝန်ထမ်းလိုင်းခန်းတွေရော လွတ်တော်အပါ ဝန်ကြီးဌာနရုံးတွေရောဆို ၅၀ ရာခိုင်နှုန်းကျော် ပျက်စီးတယ်လို့ ခန့်မှန်းပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာတော့ ငလျင်ကြောင့် ထိခိုက်သွားတဲ့ တပ်မိသားစုတွေကို စစ်အုပ်စုနဲ့ ကာလရှည်မိတ်ဖက် ရွှေသံလွင်ကုမ္ပဏီက တစ်နေ့ကို ထမင်း ၂ နပ် လာရောက်ကျွေးမွေးနေပြီး စစ်ကောင်စီကနေ သီးခြား ထောက်ပံ့မှုတွေတော့ မရှိနေသေးဘူးလို့ သိရပါတယ်။

အဆိုပါ တပ်မိသားစုတွေကို ရေဆင်းသစ်တော တက္ကသိုလ်ဘက်ကို လတ်တလော ပြောင်းရွေ့ဖို့ ပြင်ဆင်နေပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေကွက်လပ်တွေမှာ Camp ထိုးပြီး နေထိုင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “နိုင်ငံခြားရေးဝန်ကြီးဌာနရယ်၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရယ်၊ နောက်ဌာနတခုရယ် ဝန်ကြီးဌာန ၃ ခုကတော့ ရန်ကုန်ကို ရွှေ့မယ်လို့ သိရပါတယ်။ အထုတ်အပိုးတွေကအစ ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။ သေချာတာတော့ နေပြည်တော် SEA ဂိမ်း အတွက် ရွေးချယ်ထားတဲ့ လက်ရွေးစင်ကစားသမားတွေကိုတော့ ရန်ကုန်၊ ကျိုက္ကစံကွင်းမှာ ပြောင်းရွေ့လေ့ကျင့်နေကြပါပြီ” လို့ ပြောပါတယ်။

နေပြည်တော်ရှိ သမ္မတအိမ်တော်ရဲ့ လှေကား၊ မျက်နှာကျက်တွေ ပြိုကျပျက်စီးခဲ့သလို၊ စစ်ကောင်စီအတွက် အဓိကကျတဲ့ စစ်ရုံးချုပ်ကြီးလည်း ပျက်စီးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နဲ့မြောက်ကိုရီးယား အထောက်အပံ့နဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့တဲ့၊ ကား ၂ စီး တပြိုင်ထဲသွားလာလို့ ရတယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လှိုင်ခေါင်းလည်း နေရာတော်တော်များများမှာ ပြိုကျခဲ့တယ်လို့ သိရပါတယ်။ လျှို့ဝှက်ဥမင်လှိုင်ခေါင်း ပြိုကျပျက်စီးမှုနဲ့ ပတ်သက်ပြီးတော့ မောင်းသတင်းဌာနအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ နဲ့ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ပြည်သူ ၄,၀၀၀ နီးပါးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူပေါင်း ၅၀၀၀ ကျော်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တဲ့ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။
Read More

မုဒုံတွင် ပစ္စတိုတစ်လက်နဲ့ ဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ လူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘူးဟု စစ်ရှုံးနေသည့် အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။