စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၁၃ရက်နေ့၊ မနက်အစောပိုင်းက ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာသစ်နဲ့ ပေကြီးရွာကြား ကူးသန်းသွားလာနေတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား ၄၀ပါ အကြမ်းဖက်စစ်ကြောင်းဟာ ခအုံးတောရွာနေ အရပ်သား၂ယောက်နဲ့ ခအုံးတောရွာ၊ ဗျူဟာလမ်းပိုင်းအတက်မှာ တွေ့ဆုံမိရင်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုရဲ့ သတ်ဖြတ်မှု​ကြောင့် ခအုံးတောရွာနေ ကိုချစ်နိုင် (အသက် ၄၀)နှစ်နဲ့ ကိုနေလင်းဦး (အသက်၃၀)နှစ်တို့ သေဆုံးခဲ့တာဖြစ်ကြောင်းကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ခအုံးတာရွာနေ အရပ်သားအများစု ကာလရှည်စစ်ရှောင်နေရတာလို့လည်း သိရပါတယ်။

ကန့်ဘလူနယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတပ်တွေဟာ အရပ်သားတွေကို PDF တပ်ဖွဲ့ဝင်ဒါမှမဟုတ် ထောက်ခံအားပေးသူအဖြစ် မကြာခဏစွတ်စွဲဖမ်းဆီးမှုတွေရှိနေပြီး ရက်ရက်စက်စက်သတ်ဖြတ်နေတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း ကိုးတောင်ဘို့အထိုင်ကနေ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုတွေက ကိုင်းမရွာနေ အရပ်သား ၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ရင်း ကျန်၁၁ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့ကလည်း ပေကြီးရွာနေအသက်(၅၀)အရွယ် ကိုမင်းနိုင် ဆိုသူကိုလည်း စစ်အုပ်စုတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု သတ်ဖြတ်ခဲ့တဲ့ ခအုံးတောရွာသား ၂ ယောက် (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

0 Shares:
You May Also Like
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ NUG အစိုးရ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗိုလ်​ကြီးအပါ စစ်ကောင်စီတပ်က ၅ ယောက်သေခဲ့တဲ့ သံဖြူဇရပ်က ခမရ ၅၈၈ စခန်း တိုက်ခိုက်မှုမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေး-သိမ်ဇရပ်ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားတဲ့ ခမရ ၅၈၈ တပ်စခန်းကို တိုက်ခိုက်ချိန်က ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ရဲ့ စျာပနပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။