ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပျူစောထီး ၁ယောက်ကို နေအိမ်အထိ သွားရောက်ရှင်းလင်းရာ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ပျူစောထီးရဲ့ အမျိုးသမီးဖြစ်သူကိုပဲ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၃ရက် ညပိုင်းက မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေ စစ်တပ်သတင်းပေး ပျူစောထီး ထွန်းထွန်းဝင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အထိသွားရောက်ပစ်ခတ်ရှင်းလင်းရာ ထွန်းထွန်းဝင်းက သေနတ်နဲ့ ပြန်လည်ခုခံရင်း နေအိမ် နောက်ဘက်ပေါက်ကနေ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

အဲဒီအချိန်မှာ ပျူစောထီး ထွန်းထွန်းဝင်းရဲ့ ဇနီးသည်ဖြစ်သူက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ဖို့ လုပ်ဆောင်တာကြောင့် သေနတ်နဲ့ ၃ချက် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ဖော်ပြထားပါတယ်။

သေဆုံးသွားသည့် ပျူစောထီ၏ဇနီး စာဥ

ထွက်ပြေးလွတ်မြောက်သွားတဲ့ ထွန်းထွန်းဝင်း နဲ့ ဇနီးသည် စာဥတို့ဟာ စစ်ကောင်စီအတွက် ပျူစောထီး သင်တန်းတက်ရောက်ခဲ့ဖူးကြပြီး တော်လှန်ရေး ရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံသတင်းပို့တာ၊ မဟုတ်မှန်သတင်းတွေ လုပ်ကြံပေးရင်း အရပ်သားတွေကို ဖမ်းဆီးခိုင်းတာတွေလုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီးတော့လည်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့ အရပ်သားတွေဘက်ကလည်း စစ်အုပ်စု အနီးအနား သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့ အသိပေးထားပါသေးတယ်။

သိမ်းဆည်းရရှိသော လက်ပစ်ဗုံး
0 Shares:
You May Also Like
Read More

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၅ ဦး တစ်လနီးပါး တိုက်ပိတ်ခံထားရ

မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ကို ရိုက်နှက်ပြီး  တစ်လ နီးပါးကြာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၂) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင် PDF ၅၁၂ တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်များအတွက် ကျည်ကာဝတ်စုံများ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန၊ အမှတ်(၅၁၂)တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်တွေကို ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံများ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဒီကနေ့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။