စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ် ပြုလုပ်ကာ ပြည်သူ ၆၄ ယောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကို ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်မှာ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားလိုက်တာပါ။

ဧပြီ ၃ ရက်ကနေ ဧပြီ ၁၃ ရက်အထိ တိုင်းနဲ့ပြည်နယ် (၁၂) ခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း (၆၈) ခု ရှိခဲ့ပြီး အဲဒီဖြစ်စဉ်တွေမှာ ပြည်သူ (၆၄) ယောက် သေဆုံးခဲ့ရကာ (၈၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဦးနေဘုန်းလတ်က အသိပေးပြောကြားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ငလျင်ကြောင့် ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဂျက်ဖိုင်တာ၊ ပါရာမော်တာနဲ့ Drone တွေကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သလို၊ လက်နက်ကြီးပစ်ခတ်မှု တွေကိုလည်း နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် (၆၄) လုံး၊ စာသင်ကျောင်း (၄) ကျောင်း၊ ဘုန်းကြီးကျောင်း (၃)ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ စင်မြင့်မှာ ဆက်လက် အသိအမှတ်ပြုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။