မကွေးတိုင်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာကို ဧပြီ ၁၃ ရက်မှာ ခလရ ၂၅၈ တပ်ရင်းက အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖထံက သိရပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကာ လက်နက်ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရန်သူအင်အား များပြားတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပ .က.ဖနဲ့ ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။
Read More

အင်မထီးပျူစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ မတ်လ ၂၃ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင် ခရိုင် အမှတ် ၁၂ တပ်ရင်းထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်၏ အပတ်စဉ် (၆) အခြေခံစစ်သင်တန်း လေ့ကျင့်မှုများ (ရုပ်/သံ)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှု မှတ်တမ်းရုပ်သံကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။