KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်မှုတွေကို KNU ကထုတ်ပြန်လာတာပါ။

သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ အဓိကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေ ငလျင်ဒဏ်အပြင်းအထန်ခံစားနေရချိန်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေက ရပ်တန့်သွားခြင်း မရှိဘူးလို့ KNU က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် – ကျုံဒိုး လမ်းပိုင်းမှာ ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ) မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် ဒဏ်ရာရပြီး နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးအသိပညာပေးကာ ချို့တဲ့သူများကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျန်းမာရေး အသိပညာပေး ဟောပြောပေးခြင်း၊ အခမဲ့ဆေးဝါးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်းတွေကို သွားရောက် ခွန်အားပေးရင်း ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။