မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကိုပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ဧပြီလ ၁၂ရက်၊ ညပိုင်းက ရေစကြိုမြို့ပေါ်၊ အမှတ် (၈) သုခဝတီရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို MBT တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ပြီးဆုတ်ခွာနိုင်လို့မရအောင် ပိတ်ဆို့ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နှစ်ဖက်ပစ်ခတ်မှု ၁နာရီကြာဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ရေစကြိုမြို့ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကုသနေကြောင်း၊ MBTတပ်ဖွဲ့ ဝင်တွေလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်မိုက်ခဲကပြောပါတယ်။

“သူတို့ဘက်က ပြန်ပြီးပိတ်လို့ ကျနော်တို့ဖောက်ထွက်ခဲ့ရပါသေးတယ်။ နယ်မြေကျွမ်းကျင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ ဖောက်ထွက်ခဲ့ရတာပေါ့” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

Myingyan Black Tiger (MBT) အနေနဲ့ လက်ရှိမှာ အဓိကအခြေစိုက်ရာ မြင်းခြံမြို့အပြင် ရေစကြိုနဲ့ ဝမ်းတွင်းမြို့နယ်တွေမှာပါ ပြောက်ကျားတိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲကိုလည်း မဟာမိတ်အဖြစ် သွားရောက်ဆင်နွှဲခဲ့ပါသေးတယ်။

MBT တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရာကို ရေစကြိုရုံးပေါင်းစုံရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရင်းအရပ်သားထိခိုက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျန်းမာရေးစောင့်ရှောက်မှု မရရှိလို့ စစ်အာဏာသိမ်း ကာလအတွင်း အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့ရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူ ၁၀၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။