မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို ပခုက္ကူခရိုင်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ တို့နဲ့အတူ မြိုင်ပကဖ နဲ့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပခုက္ကူခရိုင်အမှတ်( ၂ )တပ်ရင်းစစ်ကြောင်းမှူးက ဦးဆောင်ခဲ့တာလို့ Myaing Villages Revolution Front က ပြောထားပါတယ်။

တိုက်ပွဲအပြီး စစ်သုံ့ပန်း ၄ ယောက်ဖမ်းဆီးရမိထားသလို လက်နက်ငယ် ၅ လက်(Ma1 ၂ လက်၊ Ma3 ၂ လက်၊ M79 ၁ လက်) နဲ့ ခဲယမ်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ပခုက္ကူခရိုင်တပ်ရင်းတွေဘက်ကလည်း ၁ယောက်ကျဆုံးပြီး ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ စလင်းမြို့နယ်ကို ပြီးခဲ့တဲ့မတ်လကုန်ကစလို့ ကုန်းကြောင်းလေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း မကြာခဏ ထိတွေ့မှုရှိနေတာ ဖြစ်ပါတယ်။

၁၈မိုင်စခန်းကုန်း သိမ်းပိုက်ခဲ့သည့် PDF တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများ၊ ဖမ်းဆီးရမိသည့်သုံ့ပန်းများ (ဓာတ်ပုံ Myaing Villages Revolution Front)

0 Shares:
You May Also Like
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြဝတီမြို့မှာ ဗုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ၏ ဗိုက်ထဲက ကလေးပါ သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၄ဦး CDF-Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

ရွှေဝါရောင် စိတ်ဓာတ် ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ် သံဃသမဂ္ဂ(မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။