နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံပေါင်း ၂၀ ထက်မနည်းက ကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာ လေကြောင်းနဲ့ ရေကြောင်းကပါ ပေးပို့ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံကတဆင့် ပြောကြားလိုက်တာပါ။

ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ငလျင်သင့်ဒေသတွေဆီ အသုတ်လိုက် ဖြန့်ဝေမှုတွေလုပ်နေတယ်လို့လည်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်အတွက် နိုင်ငံတကာက ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ယောက် လာရောက်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီအတွက် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၂၁၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ ကို လက်ခံရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၄ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့သူဟာ ၃၇၀၆ ယောက်ရှိကာ ဒဏ်ရာရသူ ၅၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၀ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်သင့်ဒေသအတွက် အထောက်အပံ့ပစ္စည်းတွေ၊ နိုင်ငံတကာ လှူဒါန်းငွေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အသုံးပြုနေမှုတွေကို သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြသတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မိုင်းငေါ့မြို့တွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ လာရောက်ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် ဒေသခံပြည်သူ (၂) ယောက် သေဆုံးသွားခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ အမည်ခံ ခြိမ်းခြောက် ငွေလိမ်နေသူများကို ထိရောက်စွာ အရေးယူမည်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၄၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၄၅၅ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး ဒုရဲ​အုပ်အပါအဝင် ၂ ယောက်သေကာ ပျူအများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွား​ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။