ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့် အဖြေလွှာတွေပျက်စီးခဲ့ရမှုအပေါ် စာမေးပွဲ ပြန်လည်ကျင်းပမယ့်အစား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သို့မဟုတ် ဘာသာရပ်အလိုက် လိုအပ်တဲ့ အရည်အချင်းကို စိစစ်ကာ ရွေးချယ်တဲ့စနစ်ကို လုပ်ဆောင်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့က မန္တလေးတက္ကသိုလ် ပင်မဆောင်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေကို စာစစ်နေချိန် ငလျင်လှုပ်ခတ်သဖြင့် အဆောက်အအုံ ပြိုကျကာ မီးလောင်ခဲ့တာကြောင့် အဖြေလွှာတွေ ပျက်စီးခဲ့ရမှုကို စစ်ကောင်စီက စာမေးပွဲပြန်လည်ကျင်းပဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ နေပြည်တော်က တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ရလို့ စစ်ကောင်စီက အဆိုပါနေရာတွေမှာ စာမေးပွဲပြန်လည်ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေဟာ ငလျင်ဒဏ်ကို တောင့်ခံခဲ့ရသလို နောက်ဆက်တွဲ ငလျင်တွေကြောင့် စားရေးနေရေး ပူပန်နေရတယ်လို့ ဆိုပါတယ်။ စာမေးပွဲဖိအားတွေကို ထပ်မံခံစားရဦးမယ်ဆိုရင် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ မတရားတဲ့ ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့က တက္ကသိုလ်ဝင်တန်း (Grade 12) ဖြေဆိုထားတဲ့ ကျောင်းသား ၆၂,၉၅၄ ယောက်ရဲ့ အဖြေလွှာတွေဟာ ငလျင်လှုပ်ခတ်ပြီးနောက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

စလင်းတွင် ပကဖ ရဲဘော်များကို လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ကရင်နီ တော်လှန်ရေးတပ်များ ပူးပေါင်းပြုလုပ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းထံက သိရပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံထောင်မှ နိုင်ကျဥ်း ၁ဦးကို ရောဂါပြင်းထန်မှ ပြင်ပဆေးရုံပို့ပေး၊ ဆေးရုံရောက်သည့်ရက်မှာပင် ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။