သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ထံ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီလ ၁၄ ရက်နေ့က စာပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ကြောင့် လူ ၆ ထောင်ကျော် သေဆုံး ခဲ့ပြီး၊ ဖမ်းဆီးနှိပ်စက် ညှင်းပမ်းခံရသူ ၂၈,၀၀၀ ကျော် ရှိကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၃ သန်းခွဲ ရှိနေတယ်လို့ဆိုပါတယ်။

နိုင်ငံတဝန်း အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ နေအိမ်တွေကို မီးရှို့တာတွေအပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့လည်း သံအမတ်ကြီးက အသိပေးပြောဆိုပါတယ်။

စစ်ကောင်စီကို ငွေကြေးစီးဆင်းမှု၊ လက်နက်ရောင်းချမှု၊ လေယာဉ်ဆီရောင်းချမှု အပါအဝင် စစ်ကောင်စီကို ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။
Read More

“Memories Of Chiang Mai” ကို ထိုင်းရဲဝင်ရောက်စစ်ဆေး၊ ဆိုင်ရှင် ၃ ဦးနှင့် အလုပ်သမား ၃ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ဟောင်းထဲက ချန်းဖူအာ (Chang Phueak) မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ "Memories Of Chiangmai" မြန်မာစားသောက်ဆိုင်ဈေးတန်းကို ထိုင်းရဲတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် ၃ ယောက်နဲ့ အလုပ်သမား ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေနဲ့ ချင်းမိုင်ခရိုင်၊ ချန်းဖူအာ ရဲစခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲကြား မြန်မာနိုင်ငံသားများ ဘေးကင်းလုံခြုံရေး အကြံပြုချက် NUG ထုတ်ပြန်

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကနေ ပစ်ခတ်မှုတွေအထိ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုတွေကြား နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပြုလိုက်နာရမယ့် အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။