နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

နေပြည်တော် မြန်မာ့ရိုးရာအေးသင်္ကြန် ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့က မြို့တော်ဝန်မဏ္ဍပ်မှာ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် အာဏာသိမ်း စစ်အုပ်စုတွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်က အခုနှစ်သင်္ကြန်ကို ငလျင်ကြောင့် ပုံစံပြောင်းလဲ ကျင်းပမယ်ဆိုပြီး နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန် နေပြည်တော်မှာ င်္သကြန်ပွဲတော် ပျော်ရွှင်စွာဆင်နွှဲနေကြတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဧပြီလ ၂၂ ရက်အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် နိုင်ငံတစ်ဝန်းမှာ စစ်ကြောင်းထိုးတာ၊ လေကြောင်းက တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃၂၀ ကျော်အထိရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ၁၀ ရက်ကျော် စစ်ကြောင်းထိုးမီးရှို့၊ အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။