မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို
အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။

မြန်မာ နှစ်သစ်ကူး င်္သကြန်အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက အခုလို ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားဖို့ အမေရိကန်က ဆက်လက်သံန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့လုံခြုံရေးတို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သင်္ကြန်ဆိုတာဟာ အတိတ်ကို ပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်လင့်ကြတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က ငလျင်အပြီး ဝမ်းနည်းပူဆွေးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ တွေ့ကြုံခဲ့ကြရတဲ့ လူပေါင်းများစွာနဲ့အတူ တစ်ပေါင်းတစ်စည်းတည်း ရှိနေတယ်လို့လည်း ကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ခက်ခဲတဲ့ အခုလိုကာလတွေမှာ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေပြီး အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို ပေးအပ်ရာမှာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေ ကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံပါစေလို့ အမေရိကန် ပြည်ထောင်စုကိုယ်စား ပြောကြားလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ...နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။
Read More

စိန့်ပီတာရင်ပြင်တွင် ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ဒေါ်နယ်ထရမ့်အပါ နိုင်ငံပေါင်း ၁၅၀ မှ ခေါင်းဆောင်များ တက်ရောက်… စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ သမ္မတထရမ့် နဲ့ သမ္မတ ဇလန်စကီး တွေ့ဆုံ

အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးထိန်းသိမ်းထားသူများကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင် ဟု စောချစ်သူ ပြော

ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ထားဖို့ မတတ်နိုင်ဘူးလို့ စောချစ်သူက ပြောဆိုခဲ့ကြောင်း The Nation သတင်းက မတ်လ ၃ ရက်မှာ ဖော်ပြပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။