အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။

လက်ရှိနိုင်ငံတွင်း ပဋိပက္ခနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေကို အဓိက တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က အတည်ပြုပြောဆိုပါတယ်။

ဒါဟာ အာဆီယံခေါင်းဆောင်တွေ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရှားရှားပါးပါး တွေ့ဆုံမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအကြောင်းပြချက်တွေကို အဓိက အခြေခံထားတယ်လို့လည်း ဆိုပါတယ်။

အာဆီယံနိုင်ငံတွေက မင်းအောင်လှိုင်ကို စစ်အာဏာသိမ်းပြီးနောက် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပေမယ့် စစ်ကောင်စီက လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိလို့ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု ၄နှစ်ကျော်အတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်ဟာ ဘန်ကောက်မှာ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့မှာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဘင်းစတက်အစည်းအဝေးကို တက်ရောက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အစ္စရေး-အီရန်ပဋိပက္ခအရေး EU ခေါင်းဆောင်များနှင့် အီရန်ဆွေးနွေးမည်၊ အီရန်နျူကလီးယားစခန်းကို တိုက်ခိုက်ဖို့ စဉ်းစားနေသည်ဟု ထရမ့်ပြော

အစ္စရေး-အီရန်ပဋိပက္ခအရေး အဆုံးသတ်ဖို့ ကြိုးပမ်းချက်အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နဲ့ EU ခေါင်းဆောင်တွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ သောကြာနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ 
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲကို လေ့လာသူ စေလွှတ်မည်ဟု ထိုင်းပြော၊ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်ခြင်းမဟုတ်ဟု ဆို

ဒီလကုန်ပိုင်းမှာ ပြုလုပ်ဖို့လျာထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို လေ့လာသူတယောက် စေလွှတ်ဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောဆိုထားပါတယ်။
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ရာသီဥတုဖောက်ပြန်မှုကြောင့် အမျိုးသမီးတွေ အများဆုံးထိခိုက်တယ်လို့ အာဆီယံရဲ့အစီရင်ခံစာ ပြော

ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။