မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက် အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃၆၈၉ ယောက်၊ ဒဏ်ရာရရှိသူ ၅၀၂၀ ယောက်နဲ့ ပျောက်ဆုံးသူ ၁၃၉ ယောက်အထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ပြိုကျသွားတဲ့ အဆောက်အဦးတွေကြားထဲကလည်း နေ့စဉ် ရုပ်အလောင်းတွေကို ဆက်တိုက်ရှာဖွေတွေ့ရှိနေပြီး ရှာဖွေရေးလုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေကလည်း ငလျင်ကြောင့် အမှန်တကယ် သေဆုံးထိခိုက်သူအရေအတွက်က နေ့စဉ် မြေပြင်မှာ တိုးမြှင့်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိခဲ့တယ်လို့ အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ပြင်းထန်ငလျင်လှုပ်ခတ်ပြီး အချိန်နှစ်ပတ်နီးပါး ကြာလာတဲ့အချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ချိတ်ဆက်ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးဖောက်ခွဲမှုအပါ မြို့ပြစစ်ဆင်ရေး လုပ်ဆောင်သူတွေအဖြစ် စွပ်စွဲကာ လူငယ် ၈ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ဖျာပုံလမ်းက စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုမှာ ပါဝင်သူတွေအဖြစ် စွပ်စွဲကာ အမျိုးသမီး ၁ယောက်အပါ လူငယ် ၈ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကောင်စီကို နည်းမျိုးစုံနဲ့တွန်းလှန်နေမှာဖြစ်ကြောင်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့တစ်နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Read More

ဟုမ္မလင်းက စစ်ကောင်စီနဲ့ ရှမ်းနီ ပူးတွဲတပ်စွဲထားတဲ့ စခန်းနှစ်ခုကို KIA သိမ်းပိုက်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ဆင်ရေး အရှိန်မြှင့်ရန် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင်ပေးအပ်

စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ် - ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။