စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ကင်းပုန်းဝပ်တပ်ဖွဲ့နဲ့ ထိတွေ့တာတွေအပြင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှုတွေရှိခဲ့တာလို့တောင်ညိုစစ်ကြောင်းက ပြောပါတယ်။

ဧပြီလ ၇ရက်နေ့ မနက်အစောပိုင်းက ဝေါမြို့နယ် လက်ပံရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောင်ညိုစစ်ကြောင်းနဲ့အတူ ဝေါပကဖ၊ အင်းတကော်ပကဖတို့ ပူးပေါင်းပြီး စနိုက်ပါနဲ့ သွားရောက် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက် ထိမှန်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနေ့ ညပိုင်းမှာပဲ ရွှေကျင်မြို့အနီး၊ ခမရ ၅၉၈ ကနေ ကင်းပုန်းဝပ်လာရောက်တဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၉ရက်နေ့ မနက်ပိုင်းကလည်း အထက်ပါ ခမရ ၅၉၈ တပ်ကနေ ရေခပ်ဆင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ထပ်မံ ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှာစစ်သား၁ယောက် ထိမှန်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ပြောပါတယ်။

ဧပြီလ ၁၁ရက်နေ့ မနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

ညောင်ခြေထောက်ရွာမှာ ကင်းချထားတဲ့ တော်လှန်ရေးပူးပေါင်းတပ်စိပ်တစ်ခုကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေက ခုခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က ၃ယောက် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၉ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ ၆ယောက်ရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီက စစ်တပ်လက်အောက်ခံ မြဝတီ အသံလွှင့်ရုံဝန်းထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်မှာ “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဥ်ကို တော်လှန်ရဲဘော်များနှင့် ပြည်သူများဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းဖိုရမ်က ဦးစီးထုတ်ဝေတဲ့ “ ဒို့ဖက်ဒရယ်” နိုင်ငံရေး စာစဥ်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်၊ စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က မနေ့က တစ်ရက်အတွင်း လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀) လုံးနှင့် လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ တိုက်ပွဲဖြစ်နေချိန် ဇွန်လ (၂၄) ရက် မနေ့က တစ်ရက်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးအလုံး (၁၃၀)၊ ဒရုန်းနဲ့ ဗုံးအလုံး (၆၀)၊ လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။