အိန္ဒိယက ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ အထူးကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ဟာ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ စစ်ကိုင်းတံတားအဟောင်းကြီးကို စစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ပေါ်က အင်းဝတံတားဟောင်းရထားလမ်းကို သက်ဆိုင်ရာ မြန်မာအဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆေးအကဲဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။

အိန္ဒိယနိုင်ငံက ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ အထူးကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ဟာ နေပြည်တော်နဲ့ မန္တလေးမြို့ရှိ ငလျင်သင့်ဒဏ်သင့် အဆောက်အအုံတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။


ငလျင်ဒဏ်သင့် စစ်ကိုင်းတံတားလို့ လူသိများတဲ့ အဆိုပါတံတားဟာ မန္တလေးတိုင်နဲ့ စစ်ကိုင်းတိုင်းကြားမှာ တည်ရှိကာ စစ်ကိုင်းမြို့နဲ့အင်းဝမြို့ဟောင်းတို့ကို ဆက်သွယ်ပေးထားတာဖြစ်ပါတယ်။

ဒီတံတားကို ၁၉၃၄ ခုနှစ်မှာ ဗြိတိသျှတို့ တည်ဆောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ ဝင်ရောက်လာစဉ် ဗြိတိသျှတပ်တွေက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်မှာပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့တဲ့ သက်တမ်းရင့် တံတားတစ်စင်းဖြစ်ပြီး မတ်လ ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တံတားဟာ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ရွှေမြို့နယ်မှာ အင်အားရာချီသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုး မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်နေသည့် မြိုင်မှာ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ အရပ်သား ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး သာသနာရေးအဆောက်အုံတွေ ပြိုကျပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် အရေးပေါ်ကုသနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။