ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar က ထုတ်ပြန်ပါတယ်.။

ငလျင်ဒဏ်သင့် ဒေသတွင် ဆေးဝါးကုသပေးရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး (JDR) ဆေးဖက်ဆိုင်ရာ နည်းပညာအဖွဲ့မှာ ယနေ့တွင် ရန်ကုန်မြို့သို့ ဒုတိယအသုတ်အနေဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း JICA Myanmar က အသိပေးထားပါတယ်။

ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့တွင် အဖွဲ့ဝင်ဦး ရေ(၂၀) ခန့်ပါဝင်ကာ ငလျင်သင့်ဒေသများသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ ဧပြီ (၂) ရက်ကလည်း အဖွဲ့ဝင် (၃၀)ကျော် ပါဝင်သ ည့် JDR ဆေးဘက်ဆိုင်ရာအဖွဲ့ ရောက်ရှိခဲ့ကာ ငလျင်သင့်ဒေသများရှိ လူနာပေါင်း (၉၀၀)ကျော်ကို ဆေးဝါးကုသပေးခဲ့ပါတယ်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျ င်ဘေးအတွက် အမေရိကန်ဒေါ်လာ (၆) သန်းခန့်ကို လူသားချင်းစာနာထောက်ထားဆိုင်ရာ အကူအညီအဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်အဖွဲ့များ ဝေဖန်

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားများကို NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာတော်လှန်လူငယ်များ တက်ရောက်…

တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့ကနေ စတင်ကာ နိုင်ငံအနှံ့ ပျံ့နှံခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။