မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁၃ ရက် မြန်မာစံတော်ချိန် မနက် ၈ : ၅၄ မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၉ အဆင့်နှင့် အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေး ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ NUG က အသိပေးထုတ်ပြန်ထားပါတယ်။

မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ် မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ် ကွာခြားမှုရှိနိုင်တယ်လို့ NUG က ဆိုပါတယ်။

အမေရိကန်ဘူမိလေ့လာရေးအသင်း (USGS) ကတော့ မိတ္ထီလာမြို့ရဲ့ အရှေ့မြောက်ဘက် ၃၄ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၅ အဆင့် ငလျင်လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကားများကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ အရာရှိအပါ ၅ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KIA ၏ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) ပါဝင်တိုက်ပွဲဝင်ခဲ့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ ကချင်ဒေသ အထူးစစ်ဆင်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းတွင် စစ်ဆေးရန် ရပ်မပေးသည့် စစ်အုပ်စု အိမ်စီးကားကို ပစ်ခတ်ရာ အဆောင်ယတြာနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စု မောင်းနှင်လာတဲ့ အိမ်စီးကားကို စစ်ဆေးဖို့ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာဝန်ခံထံက သိရပါတယ်။
Read More

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို ABSDF ဗဟိုစစ်ကော်မရှင်နှင့် PRA (မကွေး) ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဌ ရဲဘော် နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တို့အကြား ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကတစ်ဆင့် မေ ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့အစည်း ၂ ခုက ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။
Read More

မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ ပြည်သူတွေကို စည်းရုံးခဲ့တဲ့ မြောင်ရဲစခန်း ဒရုန်းဗုံးသီးနဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ ပြည်သူတွေကို မဲတစ်မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ စည်းရုံးခဲ့တဲ့ စစ်ကော်မရှင်လက်အောက်ခံတပ်သားများရှိရာ မြောင်ရဲစခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ကွန်မန်ဒိုသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။