စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info ကပြောပါတယ်။

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိနေတဲ့ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက  မိတ္ထီလာရှမ်းတဲလေဆိပ်တက်ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့သလို အရပ်သားတွေလည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီလေကြောင်းကြောင့် ဆီလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်ကိုထိမှန်ကာ အမျိုးသား​၁ယောက်နဲ့ အမျိုးသမီး၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ကြောင်း Kawlin Info က ပြောပါတယ်။

ဒါ့အပြင်​ ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်၊ နေ့လယ်ပိုင်းကလည်း  ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာမှာ စစ်ရှောင်အမျိုးသမီး၁ယောက် အပါအဝင် ၃ယောက် သေဆုံးခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်ကနေ စစ်ရှောင်လာတဲ့ အသက် (၅၆) နှစ်အရွယ် အမျိုးသမီး၁ယောက်နဲ့ အမျိုးသား၁ယောက်၊ အမျိုးသမီး၁ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက် အရုဏ်တက်ချိန်ကလည်း ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးက သဲချောင်းရွာသစ်ကို ပေါင်၅၀၀ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ၁လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာငလျင်ဘေးဒဏ်ခံစား​​နေရတဲ့ နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေပြီး ထိုးစစ်တွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ညောင်ကုန်းရွာ မြင်ကွင်း (ဓာတ်ပုံ Kawlin Info)

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ကော့ကရိတ်မြို့နယ်တွင် ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သားဖြစ်သူ ဖွင့်လှစ်ထားသော Yankon KTV Bar ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် ဒုချုပ်စိုးဝင်းရဲ့သားဖြစ်သူနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ Yankon (KTV Bar) ကို ပါဆယ်ဗုံးနဲ့ သတိပေးဖောက်ခွဲခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတရား စစ်မှုထမ်းစေခိုင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။