ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ယောက် ကျဆုံးကာ ခြေလက်င်္အဂါဆုံးရှုံးခဲ့သူတွေအပါအဝင် ရဲဘော်အယောက် ၃၀ ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

​​ဧပြီလ ၇ရက်နေ့က အလုံးစုံသိမ်းပိုက်နိုင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင် (CB) နဲ့အတူ မဟာမိတ်တော်လှန်ရေးတပ်တွေထဲ Myingyan Black Tiger (MBT) လည်း ပါဝင်ခဲ့ပြီးအောင်ပွဲနဲ့အတူ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၉ရက်နေ့က စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် Myingyan Black Tiger တပ်ဖွဲ့က ကျားမဲ Commando စစ်ကြောင်းနဲ့ ကျားမဲစစ်ကြောင်း (၇)က တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့တာဖြစ်ပြီး ၅လ အကြာမှာ မြို့ကိုသိမ်းပိုက်အပြီး အိမ်ပြန်ချိန်ရောက်တဲ့အခါမှာ ရဲဘော်တချို့ကတော့ အိမ်မပြန်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

“ဒီတော်လှန်ရေးမှာ လူငယ်တွေကတော့ အားလုံးပေးဆပ်ချင်နေမှာပါပဲ။ ပေးဆပ်တဲ့သူတွေတာဝန်ကျေသွားပြီလို့ ခံစားရတယ်။ ကျန်ရှိနေတဲ့သူတွေကတော့ တော်လှန်ရေး မရပ်မချင်း ကြိုးစားသွားမှာပါ။” လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ ချင်းညီနောင်(CB) နဲ့ မဟာမိတ်ဆက်ဆံရေးကောင်းမွန်တာကြောင့်၊ ပြီးတော့ စစ်အာဏာရှင်ကို ဖြိုချချင်တာရယ်ကြောင့် အတူလက်တွဲလုပ်ဆောင်ခဲ့တာလို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျနော်တို့ ညီနောင်မဟာမိတ်တွေနဲ့အတူ လက်တွဲပြီး ပါဝင်ခဲ့တယ်။ ပြည်မကို ကိုယ်စားပြုတာမဟုတ်သလို MBT မြင်းခြံကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ တောင်တန်းမြေပြန့်တစ်နိုင်ငံလုံးကို ကိုယ်စားပြုပါတယ်။ အာဏာရှင်ရှိရာကို ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှာပါ။ လက်ရှိမှာ ချင်းညီနောင်နဲ့ ကျနော်တို့ မဟာမိတ်ညီနောင်ဆက်ဆံရေးက အရမ်းကိုဖြောင့်မတ်တယ်။ စည်းလုံးတယ်။ ဒါကြောင့် အတူလက်တွဲတိုက်ခဲ့တာပါ။” လို့ ပြောပါတယ်။

သူကပဲဆက်လက်ပြီး “အညာဒေသနဲ့ တောင်တန်းဒေသမတူပါဘူး။ အားသာချက်အားနည်းချက်တွေရှိတယ်။ တောင်တန်းဒေသမှာ တိုင်းရင်းသား ERos တွေနဲ့ အတွေ့အကြုံယူထားတော့ မြေပြန့်မှာစခန်းသိမ်းမြို့သိမ်းဖို့ လွယ်သွားတယ်။ ဒါပေမယ့် သူတို့လို လက်နက်ခဲယမ်းပြည့်စုံအောင် ဖြည့်တင်းထားနိုင်မှုတော့ အားနည်းပါတယ်။ အဲ့အားသာချက် အားနည်းချက်တွေကို ညီအောင် ကြိုးစားလုပ်ယူရမှာပါ။”လို့ ဖလမ်းမြို့သိမ်းတိုက်ပွဲက ရလာတဲ့ အတွေ့ကြုံတွေအပေါ် ဗိုလ်မိုက်ခဲကပြောပြပါတယ်။

ဧပြီလ ၇ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများခဲ့သလို စစ်ကောင်စီ စစ်သုံ့ပန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

Myingyan Black Tiger တပ်ဖွဲ့ဝင်များကို ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအ​ပြီး တွေ့မြင်ရစဉ် (ဓာတ်ပုံ MBT)

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

စစ်ကောင်စီ၏ တပခ ဌာနချုပ်နှင့် ကေတုမတီလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ဦးအပါ အရာရှိ ၃ ဦးနှင့် စစ်သား ၈ ဦး သေဆုံး၊  တိုင်းရုံးစစ်ဦးစီးဌာနနှင့် လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ တောင်ငူ (ကေတုမတီ) လေတပ်ကို ရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ယောက် အပါအဝင် အရာရှိ ၃ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးပြီး တိုင်းရုံးစစ်ဦးစီးဌာနနဲ့ လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၅ ဦး သေပြီး ၃ ဦး ထိခိုက်ဒဏ်ရာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။