စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့  အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ စလင်းမြို့မရဲစခန်းကနေ အင်အား၁၀၀ ကျော်စုဖွဲ့မှုပြုလုပ်ပြီး  စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စလင်းပကဖ က ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းကို အနောက်ကနေ လိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ  စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို ပြန်လည်ဆုတ်ခွါထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။  တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားတယ်လို့ ကနဦး သိရှိထားရပြီး အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ အထက်ကျောင်းမှာ အထိုင်ချထားတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

အောက်တိုဘာ ၁ ရက် ညနေပိုင်းက ဆားတောင်မြို့ရဲစခန်းမှာ ပြည်သူတွေကို အနိုင်ကျင့်ငွေတောင်းနေတဲ့ ရဲတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဆား‌‌တောင်မြို့အထက်ကျောင်းအတွင်း ဘောလုံးကန်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်ပေါင်ကြေးနီယာဉ်တန်းအတွက် လမ်းလုံခြုံရေးပေးထားတဲ့ စစ်သားကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းမှာ တွဲကား ၆၈ စီး ယာဉ်တန်းကို လမ်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားကင်းပုန်းတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြား လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ တဲ့ မှတ်တမ်းရုပ်သံကို KNDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေ (ရုပ်/သံ)

သြဂုတ် ၂၃ ရက် မနက်အ‌စောပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။